Online ပေါ်မှာ တွေ့သမျှကို အစစ်အမှန်လို့မထင်ပါနဲ့ ( မအကြပါနဲ့ )

Online ပေါ်မှာ တွေ့သမျှကို အစစ်အမှန်လို့မထင်ပါနဲ့ ( မအကြပါနဲ့ )




-     
  

ဒီ " U Tayza လိုင်စင်ရ ချေးငွေလုပ်ငန်း " ဆိုတဲ့ Page က Fake Page ပါ၊ HTOO Group of Companies ရဲ့ ဥက္ကဌ တဦးဖြစ်တဲ့ U Tay Za အနေနဲ့ ဒီလိုမျိုး Page ဖွင့်ပြီး ဒီလိုတွေမလုပ်ဘူးဆိုတာကို ဦးဏှောက်ရှိသူတိုင်းသိကြမှာပါ။

မကြာသေးခင်ကလည်း HTOO Microfinance Myanmar ဆိုတဲ့နာမည်နဲ့ HTOO Group of Companies ရဲ့ Logo ကို အသုံးချပြီး အခုလိုမျိုး ချေးငွေလုပ်ငန်းဗန်းပြပြီး လိမ်စားနေတဲ့ Page အတု တခု ထွက်လာခဲ့ပါသေးတယ်။

အဲ့ဒီလိုအချိန်မှာ စိတ်မကောင်းစရာအနေနဲ့တွေ့ရတာက မြန်မာပြည်ကလူအချို့ဟာ ဘာကိုမှသေခြာမစူးစမ်း မဆင်ခြင်ပဲ အလွယ်တကူယုံကြည်တတ်ကြတာကိုပါပဲ၊ အထက်ဖော်ပြပါ Page အတုတွေထွက်ပေါ်လာချိန်မှာ တကယ့်အစစ်အမှန်လို့ယုံကြည်ပြီး Like, Comment, Share, တွေပြုလုပ်ကြသလို၊ ကိုယ်တိုင်ကိုယ်ကျ ချေးငွေရဖို့ကြိုးစားကြပါတော့တယ်၊ အဲ့ဒီမှာ အူတဲ့အတဲ့သူတွေအနေနဲ့ အလိမ်ခံရပါတော့တယ်။

ဒါကြောင့် အားလုံးသိထားသင့်တာက HTOO Group of Companies အနေနဲ့ရော U Tay Za အနေနဲ့ရော ဒီလိုချေးငွေလုပ်ငန်းများကို လုံးဝမှ လုပ်ကိုင်ခြင်းမရှိဘူးဆိုတာပါပဲ။

သို့သော် ထူးကုမ္ပဏီရဲ့ လုပ်ငန်းခွဲတခုဖြစ်တဲ့ AGD Bank မှာတော့ Loans ( ချေးငွေဝန်ဆောင်မှုများ ) အများအပြားကို ပုံစံမျိုးစုံနဲ့ ဝန်ဆောင်မှုပေးနေတာရှိပါတယ်။ အဲ့ဒါတွေကို အောက်ပါ Link များမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Loans ( English လို )
https://www.agdbank.com/personal-banking/loans

ချေးငွေဝန်ဆောင်မှုများ ( မြန်မာ လို )
https://www.agdbank.com/mm/retail-banking/mpu-upi-debit-cards

အမှန်တကယ်ချေးငွေလုပ်ငန်းကို လုပ်ဆောင်ပေးနေတာကတော့ AGD Bank မှာပဲ လုပ်ဆောင်ပေးပါတယ်၊ ဒါကြောင့်လိုအပ်ခဲ့ရင် AGD Bank ကိုသွားပြီးပဲ ချေးငွေနဲ့ရယူနိုင်ပါတယ်။

လက်ရှိအချိန်မှာတော့ ထူးကုမ္ပဏီရဲ့ နာမည်နှင့် ပုံရိပ်များ၊ ကုမ္ပဏီ Logo, ဥက္ကဌ ရဲ့ အမည်များကို အလွဲသုံးစားပြုလုပ်နေသူများ၊ နောက်ထပ်ပြုလုပ်လာမည့်သူများကို ပြင်းပြင်းထန်ထန်နဲ့ ထိရောက်စွာ အရေးယူအပြစ်ပေးနိုင်ဖို့လုပ်ဆောင်နေပါတယ်။

သို့ပါသောကြောင့် မြန်မာပြည်သူ/ပြည်သားများ အနေနဲ့ ဒီလို အတုအယောင်များကို အလွယ်တကူမယုံကြည်ကြဖို့နဲ့၊ အလိမ်မခံရစေဖို့ ဒီပို့စ်လေးနဲ့ပဲ အသိပေးရင်း သတိပေးလိုက်ပါတယ်။

___________________

Fake Page -

U Tayza လိုင်စင်ရ ချေးငွေလုပ်ငန်း

https://www.facebook.com/U-Tayza-လိုင်စင်ရ-ချေးငွေလုပ်ငန်း-108614864136062/

#Fake #FakePage #Scam #ScamPage #Scammer



မူရင်းတင်ထားသည့်နေရာ - 
-