Blue Mark လိုချင်ကြသူများအတွက်

Blue Mark လိုချင်ကြသူများအတွက်




-     
  
တော်တော်များများက Blue Mark လျှောက်ရတာ အရမ်းခက်တယ်ထင်နေကြလို့ပါ၊ ဘာမှမခက်ပါဘူး။
အထဲမှာ လျှောက်ရင် ဘာတွေလိုအပ်မလဲလေ့လာလို့ရတဲ့ Link ရော၊ ဝင်လျှောက်လို့ရတဲ့ Link ရော၊ ပါတယ်။

လျှောက်တာက ဘာမှမခက်ဘူး လွယ်လွယ်လေးပဲ။

1. Security Settings ထဲမှာ Two-factor ကို On ထားဖို့လိုမယ်။ 

2. နာမည်၊ မွေးနေ့မွေးရက်၊ ဓာတ်ပုံ၊ ပါတဲ့ ID Card ( မှတ်ပုံတင်၊ ပတ်စပို့စ်၊ ယာဉ်မောင်းလိုင်စင်၊ အသင်းအဖွဲ့ဝင်ကတ် ) ၁ ခု လိုမယ်။ 

3. ကိုယ့်အကောင့် or Page က Blue Mark ရနိုင်တဲ့ စာရင်းမှာ ပါဖို့လိုမယ်။ 

အဲ့ဒီ ( ၃ ) ချက် ပြည့်စုံရင် လျှောက်ကြည့်လို့ရပြီ။

သတ်မှတ်ချက်တွေ ပြည့်မှီတယ် မမှီဘူးဆုံးဖြတ်ပြီး Blue Mark ပေးတာ မပေးတာကတော့ Facebook Media Team ရဲ့ အလုပ်ပဲ။ 😁

လျှောက်ကြည့်ဖူးတယ် မရဘူးအငြင်းခံရတယ်ဆိုရင် လိုအပ်ချက်လေးတခုခုရှိနေလို့သာဖြစ်ပါလိမ့်မယ်၊ အားတော့မလျော့ပါနဲ့ ကိုယ်က Blue Mark ရနိုင်တဲ့စာရင်းဝင်တယ်ဆိုရင် နောက်ထပ် ရက်( ၃၀ ) ကျော်တဲ့အခါမှာ ပြန်လျှောက်ခွင့်ရှိပါတယ်။

လျှောက်ကြည့်ချင်တယ်ဆို အောက်က Link မှာ ဝင်ဖတ်ပြီး လုပ်ကြည့်ပါ။
https://www.facebook.com/photo.php?fbid=1584829595013131&set=a.932517310244366&type=3


 Blue Mark နဲ့ပက်သက်တာလေး သိထားကြစေဖို့။

Blue Mark လျှောက်ချင်လို့ ဘယ်ကနေဝင်ပြီးလျှောက်ရတာလဲဆိုပြီး ခနခန လာလာမေးကြလွန်းလို့ ( ဒီနေ့တောင် ၃ ဦး လာမေးတယ်။ ) ဒီကနေ ဝင်လျှောက်လို့ရပါတယ်ဆိုတာ သိရအောင် တင်ပေးလိုက်ပါတယ်။

Blue Mark က လူတိုင်းဝင်လျှောက်လို့ရပါတယ်၊ သို့ပေမယ့် လူတိုင်းတော့မရနိုင်ပါ၊ Facebook ဘက်က သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်မှီမှ၊ ကိုက်ညီမှ၊ သာလျင် Blue Mark ကို ရရှိနိုင်ပါမယ်၊ သတ်မှတ်ချက်မပြည့်မှီပဲ ခနတိုင်းဝင်လျှောက်နေရင်တော့ ရာသက်ပန် အငြင်းခံရနိုင်ပါတယ်။

Blue Mark လျှောက်ရင် ပိုက်ဆံပေးရလားဆိုတော့ တပြားမှပေးစရာမလိုပါ၊ အမြဲတမ်းအခမဲ့ လျှောက်လို့ရပါတယ်၊ အဲ့ဒီ Blue Mark ကို ပိုက်ဆံနဲ့ပေးဝယ်လို့ရလားဆိုရင် ပိုက်ဆံနဲ့ပေးဝယ်လို့လည်းမရပါ၊ လျှောက်ချင်ရင် အခမဲ့ပဲ ဝင်ရောက်လျှောက်ထားလို့ရပါတယ်။

ဘယ်ကနေဝင်လျှောက်ရမလဲဆိုရင်? ဒီကနေ ဝင်လျှောက် လို့ရပါတယ်။

Account အတွက်ဆို Profile ကိုရွေး၊ ကိုယ့် Facebook Account Link နဲ့ ID Card ကိုထည့်ပြီး လျှောက်လို့ရပါတယ်။

Page အတွက်ဆို Page ကိုရွေးပြီး User အတွက်ဆို ID Card နဲ့တင်လို့ရပါတယ်၊ လုပ်ငန်းတွေ၊ ကုမ္ပဏီတွေအတွက်ဆို လုပ်ငန်းလိုင်စင်လိုမျိုးနဲ့တင်ရပါမယ်။

လျှောက်ထားပြီးရင် Facebook ဘက်က လက်ခံရင်၊ မြန်ရင် ၁ ရက် ၂ ရက်ကနေ ၁ ပတ် ၂ ပတ်လောက်နဲ့ Blue Mark ရပါတယ်၊ Facebook ဘက်က လက်မခံဘူးဆိုရင်တော့ နောက်ထပ် ရက် ၃၀ ကျော်တဲ့အထိစောင့်ပြီးမှ နောက်တခေါက် ပြန်လျှောက်လို့ရပါမယ်။

[[ Blue Mark လျှောက်ရန် Link ]]

Request a blue verification badge -

https://www.facebook.com/help/contact/342509036134712?helpref=https%3A%2F%2Fwww.facebook.com%2Faungkyawsoe.sb

[[ Blue Mark လျှောက်ရင်ဘယ်လိုဟာတွေကရနိုင်လဲ၊ ဘာတွေလိုအပ်လည်းသိချင်ပါက ဒီမှာဝင်ဖတ်ပါ။ ]]

How do I request a verified badge on Facebook?

https://www.facebook.com/help/1288173394636262?helpref=https%3A%2F%2Fwww.facebook.com%2Faungkyawsoe.sb

Friend list ထဲက Cele များလည်း လျှောက်ထားလိုပါက လျှောက်ထားနိုင်ကြပါတယ်။ Stay at Home နေတုန်း လျှောက်ကြည့်ပါ ရသွားရင်အမြတ်ထွက်တာပေါ့။

Blue Mark နဲ့ပတ်သက်ပြီး လွဲမှားနေတဲ့အရာလေးတွေကိုတော့ အနည်းငယ်ပြောချင်ပါသေးတယ်။

အဲ့ဒါကဘာလည်းဆိုတော့...

1. Blue Mark ရထားရင် Account လုံခြုံတယ်။

အဲ့ဒါက လွဲမှားနေတဲ့ အသိအမြင်၊ အယူအဆပါ၊ Blue Mark ရထားတိုင်း အကောင့်မလုံခြုံပါဘူး၊ Blue Mark ရထားတဲ့အကောင့်ပိုင်ရှင်သာ သူ့အကောင့်ကို Security ပိုင်းတွေလုပ်မထားဘူး၊ Security ပိုင်းဆိုင်ရာနဲပတ်သက်တဲ့ ဗဟုသုတတွေရှိမထားဘူးဆိုရင် သူ့အကောင့်က တနေ့မဟုတ်တနေ့အခိုးခံရနိုင်ပါတယ်။ ( အတိုချုံးပြီးပြောရရင် Blue Mark ရတာနဲ့ အကောင့် Security နဲ့မဆိုင်လို့ မလုံခြုံပါ။ )

2. Blue Mark ရထားရင် အကောင့်မပျက်တော့ဘူး။

ဒါလည်း လွဲမှားနေတဲ့အယူအဆ အကြောင်းအရာတခုပါ၊ Blue Mark ကြီးရထားပေမယ့် Facebook ကချမှတ်ထားတဲ့ Policy တွေကိုမလိုက်နာရင်တော့ Blue Mark နဲ့အကောင့်လည်း ရာသက်ပန်အပိတ်ခံရနိုင်ပါတယ်။ ( အတိုချုံးပြီးပြောရရင် Blue Mark ရထားလည်း အကောင့်ပျက်တတ်ပါတယ်။ )

Blue Mark ဆိုတာလေးရထားရင် ဘာပဲပိုထူးသွားလည်းဆိုရင် Name နောက်မှာ အပြာရောင်အမှန်ခြစ်လေးပါသွားတာနဲ့၊ အတုနဲ့အစစ်ကိုခွဲခြားပေးထားတာပဲ ပိုထူးသွားပါမယ် ကျန်တာတွေကတော့ ဘာမှထူးခြားမှုမရှိပါ။

ကဲ... လျှာရှည်တာဒီလောက်နဲ့တော်ပါပြီ။

ချစ်ခြင်းအားဖြင့်

Aung Kyaw Soe ( 27.4.2020 - 9:35 PM )


မူရင်းတင်ထားသည့်နေရာ - 
-