Report an Imposter Account on Facebook ( Facebook account ကိုအပြီးအပိုင်ဖျက်သိမ်းခိုင်းခြင်း )

Report an Imposter Account on Facebook ( Facebook account ကိုအပြီးအပိုင်ဖျက်သိမ်းခိုင်းခြင်း )




-     
  
Report an Imposter Account ဆိုတာ Facebook မသုံးတဲ့သူတွေနဲ့ အရေးကြီး Person တွေရဲ့ Fake Account ( အကောင့်အတု )တွေပေါ်လာခဲ့ရင် Report လုပ်လို့ရအောင် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ Account Hack or ခိုးယူခံရပြီး ပြန်မရနိုင်တော့တဲ့သူတွေအတွက်လည်း Account ကိုဖျက်ပစ်ဖို့ အတွက်အသုံးတည့်ပါတယ်။


ဘယ်လိုအရာတွေအတွက် ဒီ Report tool ကိုအသုံးပြုနိုင်လဲ?


 1. Someone is using my email address on their account.
 ( တစုံတယောက်က မိမိရဲ့ Email ကိုသုံးပြီးအကောင့်ဖွင့်ထားတယ်။ )

2. Someone created an account for my business or organization.
  ( တစုံတယောက်က မိမိရဲ့စီးပွားရေး သို့မဟုတ် မိမိတို့အဖွဲ့အစည်းပုံစံမျိုးနဲ့ အကောင့်ဖွင့်ထားတယ်။ )

3. Someone created an account pretending to be me or a friend.
 ( တစုံတယောက်က မိမိ သို့မဟုတ် မိမိသူငယ်ချင်းပုံစံနဲ့အကောင့်ဖွင့်ထားတယ်။ )

အထက်ပါအကြောင်းရာနဲ့ပတ်သက်ပြီး ဒီ Report an Imposter Account နေရာလေးကနေ Report ပြုလုပ်လို့ရပါတယ်။ 


 လိုအပ်ချက်များ -

●  လက်ရှိအသုံးပြု​နေ​သော Facebook account တစ်ခုရဲ့ Email ကို ဝင်လို့ရရမည်။
    (Facebook account မဖွင့်ထား​သော Email ကို သုံးလို့မရပါ။)
●  Report ပြုလုပ်ပြီး ဖျက်ပစ်မည့် Account အကောင့်မူရင်းပိုင်ရှင်၏ ID ပုံ နှစ်ပုံ။
    (ID ဆိုတာ Passport / ယာဉ်မောင်းလိုင်စင် / မှတ်ပုံတင်တွေကို ပြောတာပါ။)

●  Account အတု / ဖျက်ချင်တဲ့ Account ရဲ့ Profile Link.


ကဲ... အခု Hack ခံထားရတဲ့အကောင့်တခုနဲ့စလုပ်ပြပေးပါ့မယ်။ Report စတင်ပြုလုပ်ဖို့အတွက် အောက်ပါ Link လေးကိုဝင်လိုက်ပါ။

Report an Imposter Account 


  ကွန်ပြူတာ( Laptop, Desktop ) နဲ့ပြုလုပ်နည်း။


အောက်ပါအတိုင်းအဆင့်ဆင့်ကြည့်ရှုပြီးလုပ်ကြည့်လိုက်ပါ။


                                                           ( ပုံ - ၁ )

ပုံ( 1 )ယခုလိုတွေ့ရပါက Someone created an account pretending to be me or a friend ကိုရွေးချယ်ပါ။




  ( ပုံ - ၂ )

ပုံ ( 2 ) အခုလိုတွေ့ရင် No ကိုထပ်ရွေးပါ။
( ပုံ - ၃ )
ပုံ ( 3 ) အခုလိုတွေ့ရပြီဆိုရင် Yes, I am the person being impersonated ကိုထပ်ရွေးပါ။
( ပုံ - ၄ )
ပုံ ( 4 ) အခုပုံထဲမှာ ဘယ်နေရာမှာ ဘာဖြည့်ရမယ်ပြောပေးထားတာပါ။
( ပုံ - ၅ )
ပုံ ( 5 ) ဒါကတော့ နမူနာဖြည့်သွင်းပြထားတဲ့ပုံပဲဖြစ်ပါတယ်။


အထက်ပါအတိုင်းဖြည့်ပြီးပါက Send ကို နှိပ်ပေးလိုက်လို့ရပါပြီ။

အခုလို Report လုပ်လိုက်ပြီး အောက်ပါအတိုင်း Email ဝင်ပါတယ်။


အထက်ပါအတိုင်းမေးလ်ဝင်လာလို့ဖွင့်ကြည့်လိုက်ချိန်မှာ အောက်ပါအတိုင်းဝင်လာခဲ့ပြီဆိုရင်

Go to your Support Inbox

 သို့မဟုတ်  Support inbox     ထဲကိုသွားပြီးဝင်ကြည့်လိုက်ပါ။


 

Support inbox     ထဲကိုဝင်ကြည့်လိုက်လို့ Open ဆိုပြီးပြနေရင် စောင့်ကြည့်ဖို့လိုပါမယ်။

နောက်ဆုံး Facebook ဘက်ကနေ အဲ့ဒီအကောင့်ကို Remove လုပ်လိုက်ပြီဆိုရင် အောက်ပါအတိုင်း Support inbox    ထဲမှာ Close ဆိုပြီးပြပေးပါတယ်။ 


အပေါ်ကပုံထဲကလို ပြနေပြီဆိုရင်တော့ ကိုယ် Report လုပ်ပြီးဖျက်ချင်ခဲ့တဲ့အကောင့်ကို ဝင်ကြည့်လိုက်ပါ ပျက်သွားပါပြီ။

ဒီနေရာမှာ မဟုတ်ပဲ လိမ်ညာပြီးပို့လို့ရလားလို့ မေးလာခဲ့ရင်တော့  မရပါဘူး လို့ပဲဖြေချင်ပါတယ်။ Report လုပ်တဲ့သူအကောင့်ရယ်၊ Report လုပ်ခံရသူအကောင့်ရယ်ကိုဝင်စစ်သလို ID အစစ်အမှန်နဲ့တင်တာ ဟုတ်/မဟုတ် ကိုလည်း စစ်ဆေးပြီး အမှန်တယ်အစစ်အမှန်လို့ယူဆမှသာ အဲ့ဒီအကောင့်ကို ဖျက်ချပေးပါတယ်။

ID  ကရောဘာတွေနဲ့တင်ရမှာလည်းဆိုရင် Facebook က ဘယ်လို ID အမျိုးအစားတွေကို Accept လုပ်သလဲ?  မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။




Mobile( Facebook app, Mobile Browser ) နဲ့ပြုလုပ်နည်း။

ဒါကတော့ သဇင်ကိုကိုရေးထားတာလေးကို Edit အနည်းငယ်လုပ်ထားတာလေးပါ။ အပေါ်က ဟာနဲ့ အခုအောက်ဟာနဲ့ကတော့ ပြုလုပ်နည်းကအတူတူပါပဲ Mobile view နဲ့ Desktop view သာ အမြင်မှာ အနည်းငယ်ကွာသွားတာကြောင့်ပါ။


 

Someone has created an account pretending to be me or a friend

No

Yes, I am the person being impersonated

အဲဒါတွေကို ရွေးပါ။


Your full name မှာ မူလ Account ပိုင်ရှင်ရဲ့ နာမည်အရင်းကို ရေးပါ။

Your contact email address မှာ လက်ရှိအသုံးပြု​နေတဲ့ fb account ထဲက gmail ကို ​ရေးပါ။

Full name on the impostor profile မှာ account အတု / ဖျက်ချင်တဲ့ account ရဲ့ နာမည်ကိုရေးပါ။

Email address or mobile phone number နေရာမှာ ဘာမှဖြည့်ဖို့မလိုပါဘူး။

Link (URL) to the impostor profile မှာ account အတု / ဖျက်ချင်တဲ့ account ရဲ့ link ကိုထည့်ပါ။
(Account link ကို သိဖို့က အဲဒီ account ရဲ့ wall ထဲကိုဝင်၊ More ... အစက် ၃ စက်ကို နှိပ်ပြီး Copy link to profile ကို နှိပ်ပါ)

Upload an ID | Choose Files မှာ account ပိုင်ရှင်ရဲ့ 
ID ပုံ နှစ်ပုံကို ထည့်ပေးပါ။
နှစ်ပုံရွေးလို့မရရင် တစ်ပုံပဲ ထည့်လိုက်ပါ။


ပုံနှစ်ပုံကို ဘယ်လိုပုံစံရိုက်ရမလဲဆိုဆိုရင်...

ကတ်ရှေ့ခြမ်း -


ကတ်နဲ့ လူမျက်နှာနဲ့တွဲလျက် - 


Report an Imposter အတွက် Fb team က စစ်ဆေးမယ့်သူတွေက နိုင်ငံခြားသားတွေဖြစ်တာကြောင့် ပုံတွေကို passport / ယာဉ်မောင်းလိုင်စင် (ခ) နဲ့ရိုက်ပေးပါ။ အဲဒါတွေမရှိမှပဲ မှတ်ပုံတင်နဲ့ ရိုက်ပါ။






ID  ကရောဘာတွေနဲ့တင်ရမှာလည်းဆိုရင် Facebook က ဘယ်လို ID အမျိုးအစားတွေကို Accept လုပ်သလဲ?  မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။


Additional info မှာ "Please remove this account from Facebook." လို့ပဲ ရေးလိုက်ပါ။




အပေါ်ကအချက်တွေ အားလုံးဖြည့်ပြီးရင် Send ကို နှိပ်ပါ။

(ပုံထဲမှဖြည့်ထားသောအချက်အလက်များသည် နမူနာထည့်ထားခြင်းသာ ဖြစ်သည်။)

Send ပြီးလို့ ၅ မိနစ်လောက်ကြာရင် Your contact email မှာဖြည့်ခဲ့တဲ့ Gmail ထဲကို Fb team က mail ပို့ပေးပါလိမ့်မယ်။


Re: Report an Imposter Account ခေါင်းစဉ်နဲ့ လာပါတယ်။
အဲဒီစာကိုဖွင့်ပြီးတော့ account ကို ဖျက်ချင်ရတဲ့အကြောင်းရင်းကို English လို နည်းနည်းပါးပါးရေး၊ 
ID နှစ်ပုံကို attactment ထည့်ပြီးတော့  Reply ပြန်ပို့လိုက်ပါ။

Account ပျက်မပျက်အကြောင်းကြားစာကို တစ်ရက်နှစ်ရက်အတွင်း Fb team က mail ထပ်ပို့ပေးပါလိမ့်မယ်။


_______________________


အားလုံးပဲအဆင်ပြေကြပါစေ။
-