၆ မိနစ်စာလေးပေမယ့်မဖြစ်မနေကြည့်ပေးပါ

၆ မိနစ်စာလေးပေမယ့်မဖြစ်မနေကြည့်ပေးပါ



( ၆ ) မိနစ်စာလောက်လေးပါပဲ၊ ဒါပေမယ့် မဖြစ်မနေကြည့်သင့်တဲ့ ဗီဒီယိုလေးပါ။ Online, Internet, လို့ပြောလိုက်တာနဲ့ Facebook, Facebook Messenger, Viber, Wechat, လောက်ပဲသိကြတဲ့သူတွေက မြန်မာပြည်မှာ 100% မှာ 90% လောက်ထိ ဖြစ်နေတယ်။

တကယ်တော့ Internet ချိတ်လို့ရတဲ့ Device တွေနဲ့ Online ပေါ်ကိုတက်ပြီး ရှာဖွေလို့ရတာတွေ၊ သင်ယူလို့ရတာတွေ၊ မျှဝေလို့ရတာတွေ၊ အများကြီးမှ အများကြီးပါ။ ဒါကို သိတဲ့သူတွေနည်းပါတယ်။ သိကောင်းသိကြတဲ့သူတွေရှိပေမယ့်လည်း၊ လက်တွေ ့လေ့လာဆည်းပူးမှုတွေကတော့နည်းပါတယ်။
အြန်လိုင်းပေါ်မှာ Q လိုက် Chat လိုက် ဖီးလ်လိုက်နဲ့အချိန်ကုန်နေမယ့်အစား အကျိုးရှိဖို ့အတွက်ပဲ အသုံးချသင့်တယ်။ Google လိုမျိုး Search Engine တွေ အများကြီးရှိတယ်။ 

1. Google.com
2. Bing.com
3. Yahoo.com
4. Ask.com.
5. AOL.com.
6. Baidu.com
7. Wolframalpha.com
8. DuckDuckGo.com
9. Internet Archive. ( Archive.org )
10. Yandex.ru

အဲ့ဒီ ( ၁၀ ) မျိုးလုံးကို သုံးပါမပြောဘူး။ Google တစ်ခုပဲ အသုံးချကြည့်။ သုံးတတ်ရင် ကိုယ့်အတွက် စွယ်စုံကျမ်း၊ အကောင်းဆုံးသူငယ်ချင်း၊ အကောင်းဆုံးသင်ကြားပြသပေးတဲ့ဆရာ၊ လိုချင်တာရတဲ့ လိုတရ ပစ္စည်း၊ ဖျော်ဖြေမှုအပေးနိုင်ဆုံးအရာ၊ ဖြစ်ကို ဖြစ်စေပါတယ်။ ကိုယ်တိုင်က အကျိုးရှိရှိ အသုံးချတတ်ဖို့ပဲလိုပါတယ်။

ကျွန်တော်တို ့နည်းပညာနယ်ပယ်ထဲကလူတွေ Google ခေါက်တာ ( Google မှာ လိုချင်တာရှာဖွေတာ ) နဲ့မကင်းတဲ့သူတွေချည်းပါပဲ၊ ဒါကြောင့် မသိလို ့တစ်ခုခုလာမေးတဲ့အခါတိုင်းမှာ လာမေးတဲ့သူကို Google ခေါက်ပါလို ့အမြဲပြောတတ်ကြပါတယ်။

နည်းပညာသမားတွေမှ Google သုံးရမှာလို ့ဆိုလိုတာမဟုတ်ပါဘူး။ နယ်ပယ်စုံက လူပေါင်းစုံအနေနဲ့ Google လို Search Engine မျိုးတွေကို ကောင်းကောင်းအသုံးချတတ်ဖို့လိုတယ်ဆိုတာကို ပြောချင်တာပါ။
အခြားနိုင်ငံတွေမှာ Online ကို ကောင်းကောင်းကြီးအသုံးချပြီး စီးပွားရေးလုပ်နေသူတွေ၊ ပညာရေးအတွက်လုပ်နေသူတွေ အများကြီးမှ အများကြီးပါပဲ။ မြန်မာနိုင်ငံမှာကတော့ အွန်လိုင်းဆိုတာနဲ့ အပေါ်မှာပြောခဲ့သလိုပဲ Facebook ကိုပဲပြေးမြင်တဲ့သူကများနေတာပါ။ လူတိုင်း လူတိုင်း အွန်လိုင်းကို အကျိုးရှိရှိအသုံးချတတ်အောင် ကြိုးစားကြည့်စေချင်ပါတယ်။

( မဖတ်ချင်ရင် ကျော်သွားပေးပါ။ အားလုံးကို Knowledge တစ်ခုရှိသွားစေချင်လို့ လျှာရှည်ထားတာကို ဆရာကြီးလာမလုပ်နဲ့ဆိုတဲ့ Comment တော့ မပေးခဲ့ကြနဲ ့ပေါ့။ )

Longyivlog 04: မြန်မာပြည်ကထွက်သွားဖို့ရည်ရွယ်ထားလား ??


#longyivlog #longyiman #longyination #getsmarworkhard #SearchEngine #Google #Internet #Online #Business #Knowledge #OnlineBusiness #myanmar #yangon
Video Credit: Longyiman