Facebook မှာ Auto Translation ဖြစ်နေတာကို ဘယ်လိုပြင်ရမလဲ...?

Facebook မှာ Auto Translation ဖြစ်နေတာကို ဘယ်လိုပြင်ရမလဲ...?




ဒီရက်ပိုင်းထဲ Facebook ရဲ့အပြောင်းအလဲတစ်ခုကြောင့် English နဲ့ရေးထားတာတွေက Myanmar လိုတွေဖြစ်၊ မြန်မာလိုတွေရေးထားတာက English လိုတွေဖြစ်နေပြီး၊ တစ်ချို့တွေမှာ တော်တော်လေးကို ဒုက္ခရောက်နေကြတယ်ဆိုပါတယ်။ တော်တေ်ာများများက ဖုန်းထဲက Font များ ပျောက်သွားပျက်သွားလို့လား၊ Font Settings များ ပြန်လုပ်ရမလားဆိုပြီး တောင်ကလိ မြောက်ကလိ ကလိကြပေမယ့် မြန်မာစာမမှန်ပဲ ဒုက္ခရောက်မြဲရောက်နေကြပါတယ်။ ( Unicode နဲ ့သုံးတဲ့သူတွေအတွက်တော့မှန်ပါတယ်။ မြန်မာပြည်မှက Zawgyi User က ပိုများလို ့သာ တော်တော်များများမှာ မမှန်ဘူးဖြစ်တာပါ။ )

အဲ့ဒီ Post or စာကြောင်းလေးတွေအောက်မှာ Rate this translation တုိ ့See original ဆိုပြီးပါ ပါတယ်။ အခြားနိုင်ငံတွေက Page တွေမှာ တင်ထားတဲ့ English လို အကြောင်းအရာတွေက Myanmar လိုတွေ Auto Translate လုပ်ပေးလိုက်တဲ့အတွက် အင်္ဂလိပ်စာ အားနည်းတဲ့သူတွေအတွက် အကျိုးအကြောင်းကို အလွယ်တကူ သိရှိသွားစေနိုင်လို့ကောင်းတယ်လို့ပြောလို့ရပါတယ်။ တကယ်လို့ကိုယ်က မူရင်းရေးထားတဲ့အတိုင်းလေးကို ဖတ်ချင်တယ်ဆိုရင်တော့ See original လေးကိုနှိပ်ပြီး မူရင်းအတိုင်းလေး ဖတ်ရှုလို့ရပါတယ်။

အခုပြောပြမှာကတော့ အဲ့လို Auto Translation ဖြစ်နေတာကို သဘောမကျသူတွေ ( ဖောင့်မမှန်လို့ သဘောမကျတဲ့သူများတာပါ။ ) အတွက် ယခင်လို အဆင်ပြေပြေလေး ပြန်လည်ပြီးဖတ်ရှုချင်တယ်ဆိုရင် Language Settings ထဲဝင်ပြီး Burmese ဖြစ်နေတာကို English ပြောင်းပေးရုံပါပဲ။ တော်တော်များများက ဘယ်လို ဘယ်လိုလုပ်ပါဆိုပြီး ပြောပြပေမယ့် မသိဘူး။ ပုံလေးနဲ့လုပ်ပြပေးပါ ပြောတတ်ကြလို့ စာနဲ့ရော Video လေးနဲ ့ပါလုပ်ပေးလိုက်ပါတယ်။

အရင္ဆုံး Facebook Account Settings => Language ထဲကိုဝင်ရပါမယ်။

Language Settings ထဲကိုရောက်ပြီဆိုရင်.....

1. What language do you want stories to be translated into?.

2. Which languages do you understand?.

3. Which languages do you not want automatically translated?.


ဆိုပြီး ၃ ခုတွေ့ပါမယ်။ ဒါက Mobile Phone နဲ့အသုံးပြုသူများတဲ့အတွက် Mobile View နဲ့တွေ့ရမယ့်ပုံစံပဲပြောပြထားတာပါ။ ကွန်ပြူတာနဲ့ဆိုရင်တော့ တွေ့ရမယ့်ပုံစံမတူပါဘူး။

အိုကေ..... လုပ်ရမှာက လွယ်လွယ်လေးပါ။ 1 နဲ့ 3 ထဲဝင်ပြီး English ကိုရွေးပြီး Save လုပ်ပေးလိုက်ရုံပါပဲ။

1. What language do you want stories to be translated into?.

3. Which languages do you not want automatically translated?.

၂ ခုလုံးထဲမွာ English ကိုရွေးပြီး Save လုပ်ပြီး ပြန်ထွက်ကြည့်လိုက်ပါ။ အဲ့ဒါဆို မြင်ရတာအဆင်မပြေဖြစ်နေတဲ့ Auto Translation လုပ်တာမျိုးရှိတော့မှာမဟုတ်ပါဘူး။






အဆင်ပြေကြပါစေ....။ ( လိုင်းကောင်းရင် HD လေး နှိပ်ကြည့်ပါ။



Aung Kyaw Soe ( 28.8.2018 - 8:05 PM )


မူရင်းပို့ စ် =>