Facebook app ထဲကနေအလိုလျောက်ပြန်ထွက် or Error တက်နေရင်

Facebook app ထဲကနေအလိုလျောက်ပြန်ထွက် or Error တက်နေရင်




ဒီဟာကတော့ လာလာအမေးဆုံး မေးခွန်းဖြစ်နေလို့ပါ။
Facebook​ App ထဲက အလိုလျောက်ပြန်ပြန်ထွက်နေရင် အရင်ဆုံး Version Update လုပ်ကြည့်ပါ။

တစ်ချို့ရှိပါတယ်။ Version ဘယ်ကနေ Update ဝင်လုပ်ရမှန်းမသိဘူးဆိုတဲ့သူတွေ။ Android ဖုန်း ကိုင်ဆောင်သူတွေအနေနဲ့ဖုန်းထဲမှာ Google Play​ နဲ့ Play Store​ ဆိုတဲ့ နာမည်နဲ့ App ကိုလိုက်ရှာကြည့်ပါ။ ရှာလို့မတွေ့ရင် Download ပြုလုပ်ပြီး ထည့်ထားဖို့လိုပါမယ်။ Android အသုံးပြုနေတာဆို အဲ့ဒါက မဖြစ်မနေလိုပါတယ်။

Google Play or Play Store ဆိုတဲ့ App ကို ရှာတွေ့ပြီဆိုဝင်လိုက်ပါ။ ဝင်ပြီး Facebook ဆိုပြီး ရိုက်ရှာလိုက်ပါ။ Update လုပ်ခိုင်းနေရင်လုပ်လိုက်ပါ။ Install လို့ပြနေခဲ့ရင်တော့ ဖုန်းထဲမှာ Facebook App ကို Device install အနေနဲ့သွင်းမထားရသေးလို့ပါ။ Update or Install ကို နှိပ်လိုက်တဲ့အချိန်မှာ User Name & Password တောင်းနေရင် ကိုယ့်မှာရှိတဲ့ Gmail နဲ့ Password ကို ရိုက်ထည့်ပြီး Login ဝင်ပေးလိုက်ဖို့လိုပါမယ်။

Version Update လုပ်ကြည့်လို့မှ မရရင် App ထဲဝင်ပြီး Clear Cache, Clear Data လုပ်ကြည့်ပါ။ တစ်ခုသတိပြုရမှာက Clear Cache နဲ့ Clear Data ကို လုပ်မယ်ဆိုရင် Facebook ကို Login ဝင်တဲ့ User Name & Password တော့ မေ့မနေဖို့လိုပါတယ်။

Clear Cache နဲ့ Clear Data ကို ဘယ်ကနေ ဘယ်လိုဝင်လုပ်ရမလဲဆိုရင်......
ဖုန်းထဲက Settings => App => Facebook ဆိုပြီး အဆင့်ဆင့်ဝင်လိုက်ပါ။

အထဲကိုရောက်ပြီဆိုရင်...
အရင္ဆုံး Clear Cache ဆိုတာကိုရှာပြီး နှိပ်ပါ။
ပြီးလျှင် Clear Data ဆိုတာကို ထပ်နှိပ်ပါ။

တစ်ခါတလေ ( တစ်ချို့ဖုန်းတွေမှာ ) Settings => App => Facebook ထဲကိုဝင်လိုက်ပေမယ့် Clear Cache နဲ့ Clear Data ကို အလွယ်တကူမတွေ့ရတာမျိုးရှိတတ်ပါတယ်။ 

အဲ့လိုဖြစ်နေခဲ့ရင် Settings => App => Facebook ဆိုပြီး အဆင့်ဆင့်ဝင်ပြီး Storage ဆိုတာထဲမှာဝင်ကြည့်ပါ။ Clear Cache နဲ့ Clear Data ကို တွေ့ရပါလိမ့်မယ်။ ၂ ခုလုံးလုပ်ပြီး ပြန်ဝင်သုံးကြည့်လိုက်ပါ။

iOS ဆိုရင်....
Apple Store ထဲမှာဝင်ရောက်ပြီး Update လုပ်ကြည့်ပါ။ မရဘူးဆိုရင် Facebook App ကိုဖျက်ပြီး ပြန် Install သွင်းကြည့်ပါ။ ( User Name & Password တော့ မေ့နေလို့မရဘူးနော်။ )

အဲ့လိုလုပ်ပြီးတာမှ အဆင်မပြေဘူးဆိုရင်....
Facebook ဆာဗာက တစ်ခုခုပြင်ဆင်နေတာကြောင့်ဖြစ်နိုင်ပြီး။
နောက်တစ်ခုဖြစ်နိုင်တာက App Version နဲ့ OS Version မကိုက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေ။

Aung Kyaw Soe​ ( 14.8.2018 - 12:50 PM )

မူရင်းပို့စ် =>