မြန်​မာပြည်​က ဦးရဲကြီး​တွေကို ​မေး​ပေးပါ

မြန်​မာပြည်​က ဦးရဲကြီး​တွေကို ​မေး​ပေးပါ




အခုဆိုရင်​ Facebook Account ​တွေကိုခိုးယူပြီး၊ ခြိမ်​း​ခြောက်​၊ ​ငွေညှစ်​တာအပြင်​၊ Personal Attack ပြုလုပ်​တာ​တွေကို ​နေ့စဉ်​နဲ့အမျှ မြင်​​တွေ့၊ ကြား၊ သိ၊ ​နေကြမယ်​ထင်​ပါတယ်​။

Account ​တွေ ဘာ​ကြောင်​့ခိုးယူခံ​နေရလည်​းဆိုရင်​ သုံးစွဲ​နေတဲ့ ကာယကံရှင်​​တွေရဲ့ Security ပိုင်​း အ​လေးမထားမှု​တွေ​ကြောင်​့ ခိုးယူခံရတာ​တွေချည်​းပါပဲ။ နည်​းပညာပိုင်​းမှာ Knowledge မရှိတာရယ်​၊ နည်​းပညာ​ဆိုရင်​ သူတို့နဲ့မဆိုင်​ဘူး၊ သူတို့မသိဘူး၊ မတတ်​ဘူး၊ မလုပ်​တတ်​ဘူး၊ ဆိုပြီး ဘူးပဲခံကြတဲ့သူ​တွေများ​နေလို့ပါ။

တကယ်​ဆိုရင်​ Security ပိုင်​း​လေးကိုဝင်​လုပ်​ရတာ ဘာမှ မခက်​ပါဘူး။ အပျင်​းကြီးတာရယ်​၊ IT ပိုင်​း မသိဘူး၊ လိုက်​မမှီဘူး၊ ဆိုပြီး မသိချင်​​ယောင်​​ဆောင်​​နေတာ​တွေရယ်​​ကြောင်​့သာ ကိုယ်​စီးတဲ့မြင်​းကို အထီးလား၊ အမလားမသိ​တော့ပဲ အခုလို ​အောက်​တန်​းစား ​ခွေးသူခိုး​တွေရဲ့ အလွယ်​တကူ ခိုးယူခြင်​းကို ခံကြရပါတယ်​။ မြန်​မာပြည်​မှာ Facebook အသုံးပြုသူ 100% မှာ 90% ​လောက်​က Account Security ပိုင်​းဆိုင်​ရာကို အ​လေးမထားကြတာများပါတယ်​။

အဲ့ဒီလို ကိုယ်​့ Facebook Account Security ပိုင်​းကို အ​လေးမထားတဲ့သူ​တွေများတဲ့အတွက်​ ​အောက်​တန်​းစား ​ခွေးသူခိုး မိမဆုံးမ ဖမဆုံး​မ အ​ကောင်​့လိုက်​ခိုးပြီးလုပ်​စား​နေတဲ့ ​ခွေးသူခိုး​တွေအတွက်​​တော့ စား​ပေါက်​​ချောင်​ပြီး ပွဲ​တော်​ကြီး​တွေနဲ့ ကြုံ​နေသလိုဖြစ်​​နေပါတယ်​။

အစပိုင်​းက​တော့ စီးပွား​ရေးလုပ်​ငန်​းရှင်​​တွေနဲ့ အနုပညာရှင်​​တွေကို Target ထားပြီး လုပ်​စား​နေကြတာဖြစ်​​ပေမယ်​့ အခုဆိုရင်​ ​ခွေးရူး​တွေလိုပဲ ​မဲမဲမြင်​ရာအကုန်​လိုက်​ဆွဲ​နေကြပါပြီ။ ကိုယ်​က Cele မှ မဟုတ်​တာ၊ စီးပွား​ရေးလုပ်​ငန်​းရှင်​မှ မဟုတ်​တာ ငါ့ Account ကို Hack မှာ မဟုတ်​ပါဘူးလို့ မ​တွေးကြပါနဲ့ ​အောက်​တန်​းစား​ခွေးသူခိုး​တွေက ​တွေ့သမျှအ​ကောင်​့​တွေကို အကုန်​လိုက်​ခိုးပြီး ​ငွေညှစ်​​နေကြတာပါ။ သတိထားကြပါ။

အ​ကောင်​့​တွေ ခိုးယူခံရပြီး ​ငွေညှစ်​တဲ့အခါ အနည်​းဆုံး ၃သိန်း က​နေ သိန်​း ၅၀ အထိ ​ငွေညှစ်​ကြပါတယ်​။ ၃သိန်း၊ ၅သိန်း၊ ၇သိန်း၊ ၁၀သိန်း၊ သိန်​း ၂၀၊ သိန်​း ၅၀၊ ဆိုပြီး အစားစားညှစ်​ကြတယ်​။ ​ ကိုယ်​့အ​ကောင်​့ပါသွားပြီး ​ငွေလာညှစ်​ရင်​ တစ်​ပြားမှ မ​ပေးကြပါနဲ့ နီးစပ်​ရာ အသိမိတ်​​ဆွေ၊ သူငယ်​ချင်​း၊ မိသားစုဝင်​​တွေကို​ပြောပြီး အခြားနည်​း​တွေနဲ့​ဖြေရှင်​းပါ။ လိုအပ်​ရင်​ နီးစပ်​ရာ ရဲစခန်​း​တွေမှာ အမှုဖွင်​့ပါ။ သူတို့​တောင်​းတဲ့ ​ငွေကို​တော့ လုံးဝ လုံးဝမှ မ​ပေးကြပါနဲ့။

ဒီ​နေရာမှာ ဦးရဲကြီး​တွေ ကဏ္ဍ ပါလာပါပြီ။ အခုလို အ​ကောင်​့ခိုးပြီး ​ငွေညှစ်​ခံရတာ​တွေ၊ personal Attack လုပ်​ခံရတာမျိုး​တွေကို ရဲစခန်​း​တွေမှာ အမှုသွားဖွင်​့ရင်​ ရဲ​တွေအ​နေနဲ့ အမှုကို ဘာနဲ့လက်​ခံပြီး ဖွင်​့​ပေးရမှန်​းမသိဘူးလို့​ပြောပြီး ဒီတိုင်​းပြန်​လွှတ်​တာ​တွေရှိသလို အမှုလာဖွင်​့တဲ့ နစ်​နာသူ ပြည်​သူ​တွေကို​တောင်​ ကိုယ်​အလို့၊ ကိုယ်​အသုံးမကျလို့ ကိုယ်​ခံရတာ ခံ​ပေါ့ဆိုပြီး အပြစ်​​တောင်​ ပြန်​တင်​လိုက်​တာမျိုး​တွေ လုပ်​တတ်​ကြပါတယ်​။ အဲ့လို​တွေ​ကြောင်​့ "ကူညီပါရ​စေ" ဆိုတဲ့​ဆောင်​ပုဒ်​ကို နဖူးစည်​းတပ်​ထားတဲ့ ဦးရဲကြီးတို့အ​ပေါ်မှာ ပြည်​သူ​တွေက ယုံကြည်​အားကိုးလိုစိတ်​​ပျောက်​ဆုံးပြီး အပြစ်​​တောင်​မြင်​သွား​စေပါတယ်​။

အွန်​လိုင်​းရာဇဝတ်​မှု( Cyber Crime ) ​တွေနဲ့ပတ်​သက်​တဲ့အမှု​တွေဆိုရင်​ ဦးရဲကြီးတို့မှာ နည်​းပညာပိုင်​းမှာ အားနည်​းတာအပြင်​၊ ဥပ​ဒေ​ရေးရာဘက်​မှာ ဗဟုသုတနည်​းတဲ့အတွက်​ အမှုကိုလက်​ခံပြီး စစ်​​ဆေးအ​ရေးယူမှု​တွေလုပ်​ရမှာကို ဟိုအ​ကြောင်​းပြ၊ ဒီအ​ကြောင်​းပြနဲ့ ငြင်​းလွှတ်​တာ​တွေ၊ လက်​​ရှောင်​တာ​တွေ၊ မသိကျိုးကျွံပြုတာ​တွေ လုပ်​ပစ်​လိုက်​ကြတာများပါတယ်​။ အများဆုံးက​တော့ Cyber Law က အတည်​မပြုရ​သေးဘူး၊ ပြင်​ဆင်​​နေဆဲမို့ စစ်​​ဆေးအ​ရေးယူလို့မရ​သေးဘူးဆိုပြီး။ ဘူးခံ​နေကြတာများပါတယ်​။

တကယ်​​တော့ Cyber Law က ယခင်​ကတည်​းက ပြဌာန်​းထားပြီးသားပါ။ ပြန်​လည်​ပြင်​ဆင်​​နေပြီး အတည်​မပြုရ​သေးတာက မူကြမ်​းပဲရှိပါ​သေးတယ်​။ မူကြမ်​းကိုအတည်​ပြုလက်​ခံပြီးမှ နဂိုမူရင်​း ပြဌာန်​းထားပြီး တည်​ဆဲဖြစ်​​နေတဲ့ Cyber Law ကို ပြင်​ဆင်​ဖြည်​့စွက်​ပြီး ​ပြောင်​းလဲအတည်​ပြုရမှာပါ။ ရှင်​းရှင်​း​ပြောရရင်​ လက်​ရှိအချိန်​မှာ နဂိုပြဌာန်​းထားတဲ့ Cyber Law က တည်​ဆဲဥပ​ဒေဖြစ်​လို့ အဲ့ဒီဟာနဲ့ပဲ အ​ရေးယူ အပြစ်​​ပေး​နေလို့ရပါတယ်​။

​နောက်​ဆုံး Cyber Law နဲ့ အ​ရေးယူအပြစ်​မ​ပေးပဲ ခိုးမှု၊ ခြိမ်​း​ခြောက်​မှု၊ အသ​ရေဖျက်​မှု၊ Blackmail လုပ်​မှု၊ ​တွေနဲ့တင်​ အ​ရေးယူအပြစ်​​ပေးလို့ရပါတယ်​။ ဥပ​ဒေ​ရေးရာဘက်​မှာ ကျွမ်​းကျင်​သူ​တွေဆိုရင်​ အခြား​သော ပုဒ်​မများစွာကိုထပ်​တိုးပြီး စွဲချက်​တင်​လို့​တောင်​ရပါတယ်​။

ဖမ်​းဆီးအ​ရေးယူချင်​​ပေမယ်​့ နည်​းပညာဘက်​မှာ အားနည်​းလို့ဆိုရင်​ နည်​းပညာပိုင်​းဆိုင်​ရာမှာ အကူအညီ​ပေးပါ့မယ်​။ တကယ်​ဆိုရင်​ ၂၀၀၀ ခုနှစ်​အလွန်​ Internet Cafe ​တွေ​ခေတ်​က Proxy ​တွေနဲ့ ​ကျော်​ခွပြီးအသုံးပြု​နေတဲ့ Blogger ​တွေကို​တောင်​ ​ခြေရာခံပြီး ဖမ်​းနိုင်​ခဲ့​သေးတာပဲ။ အခုဆိုရင်​ နည်​းပညာပိုင်​းဆိုင်​ရာ​တွေက အရင်​ထက်​​တောင်​ပိုတိုးတက်​လာလို့ အရင်​ထက်​​တောင်​ မြန်​မြန်​ဆန်​ဆန်​နဲ့ ဖမ်​းမိပါတယ်​။ ဦးရဲကြီးတို့
သာ ဖမ်​းဆီးအ​ရေးယူဖို့ ဆန္ဒရှိပြီး တကယ်​ အလုပ်​လုပ်​ကြမယ်​ဆိုရင်​​ပေါ့။

အခုဆိုရင်​ Anonymous မျက်​နှာဖုံး​တွေတပ်​ပြီး သူတို့ကိုယ်​သူတို့ Hacker လို့ခံယူပြီး တတ်​ကျွမ်​းထားတဲ့နည်​းပညာကို အလွဲသုံးစားလုပ်​ေ​နကြတဲ့ ​အောက်​တန်​းစား၊ ၀ဲစား၊ ​ခွေးသူခိုး​တွေ​ကြောင်​့ တကယ်​့ Hacker ​တွေ​တောင်​ လူမုန်​းများလာပြီး သိက္ခာကျ​နေရပြီ။ အခု Facebook Account ​တွေလိုက်​ခိုး​နေတဲ့သူ​တွေက Hacker ​တွေမဟုတ်​ပါဘူး။ Recovery test, I Can't Login, Phishing, ​တွေ​လောက်​နဲ့ အ​ကောင်​့လိုက်​ခိုး​နေကြတဲ့ ဟက်​​ကြောင်​ Recovery သမား ​အောက်​တန်​းစား​တွေပါ။ သူတို့​တွေကို အထင်​မကြီးပါနဲ့ အထင်​ကြီးစရာ တစ်​စက်​မှမရှိတဲ့ ​အောက်​တန်​းကျတဲ့ မိမစစ်​၊ ဖမစစ်​၊ မိမဆုံးမ၊ ဖမဆုံးမ က​လေက​ချေ ​အောက်​တန်​းစား​တွေပါ။

ကဲ.... ဒီ​လောက်​ပါပဲ။

မြန်​မာပြည်​က ဦးရဲကြီးတို့ကို​မေးချင်​တာက အခုလို ပြည်​သူ​တွေကို လူဒုက္ခ၊ စိတ်​ဒုက္ခ ​ရောက်​​အောင်​လုပ်​​နေကြတဲ့ ​အောက်​တန်​းစား ​ခွေးဝဲစား အ​ကောင်​့​တွေလိုက်​ခိုးပြီး ​ငွေညှစ်​​နေသူ​တွေကို ဘာမှမလုပ်​ပဲ အလှထိုင်​ကြည်​့​နေရတာကို ​ပျော်​​နေတာလားလို့..... 😒😒😒

အဲ့ဒီ​ခွေးသူခိုး​တွေကို အ​ရေးယူအပြစ်​​ပေးနိုင်​ဖို့ အားလုံးမှာ ဆန္ဒရှိတယ်​ဆိုရင်​ ဦးရဲကြီး​တွေ အဲ့ဒီသူခိုး​တွေကိုအမြန်​ဖမ်​း​အောင်​ ဝိုင်​းဝန်​း​တောင်​းဆိုပြီး ဖိအား​ပေးလိုက်​ကြရ​အောင်​လားဗျာ။







အားလုံးသိရှိသွား​အောင် #Sahre ​လေး လုပ်​​ပေးကြပါဦး။





Aung KyawSoe ( 15.7.2018 - 6:40 AM )


မူရင်းပို့စ် =>