Security ကိုအလေးမထားရင် ဒါမျိုးတွေ ဖြစ်နိုင်တယ်

Security ကိုအလေးမထားရင် ဒါမျိုးတွေ ဖြစ်နိုင်တယ်




3.1.2017 နေ့ညက ညီအစ်မ တစ်ယောက်ကနေပြီးတော့
အစ်ကိုရေကူညီပါဦး အသိတစ်ယောက် Facebook Account ကို
Hack သွားပြီး အဲ့ဒီအကောင့်ကနေ ပေါက်ကရတွေတင်နေတယ်
အဲ့ဒါလေး ကူညီပေးပါဦးဆိုတော့ အဲ့ဒါဆို သူ့အကောင့် အခိုးမခံရခင်က
သုံးခဲ့တဲ့ အချက်အလက်လေးတွေတောင်းပေး Recovery လုပ်ကြည့်
ပေးမယ် ဆိုတော့ ပထမတော့ တောင်းပေးနေပြီး နောက်ပိုင်း
Group Chat လေးလုပ်ပြီး အဲ့ဒီထဲမှာ ပဲပြောကြရအောင်ဆိုတာနဲ့
အဲ့ဒီထဲမှာပဲ အပြန်အလှန်ပြောဆိုဖြစ်ကြတယ်။



ဘယ်လိုဟက်ခံရတာလည်း ဘယ်သူတွေနဲ့မကြေမလည်ဖြစ်ထား
သေးလဲမေးကြည့်တော့ ရေရေ ရာရာမသိရပေမယ့် သိရတာတစ်ခုက
အကောင့်ခိုးသွားတဲ့သူက တော်တော်လေးကို စောက်ကျင့်မကောင်းတဲ့
သန္ဓေယုတ်တဲ့သူ လူကမွေးပြီး လူမဟုတ်တဲ့ ခွေးတိရိစ္ဆာန်မှန်းတော့
ကွက်ကွက် ကွင်းကွင်း မြင်သွားမိတယ် အကောင့်ကို ခိုးပြီး Telenor Bill
30000 ဖိုး ဖြည့်ပေးပါ မဖြည့်ပေးရင် ပေါက်တတ်ကရလုပ်ထားတဲ့ပုံတွေ
Sex Page တင်မယ် 18+ Website တွေတင်မယ်ဆိုပြီး ခြိမ်းခြောက်တယ်
ပြောတယ်။


ပိုက်ဆံလည်းမပေးရော အကောင့်ခိုးပြီး ငွေညှစ်နေကျသူတွေ အကျင့်အတိုင်း သူတောင်းစား တောင်းတာမရတော့ ဆဲဆိုပြီး
ထွက်သွားသလိုပဲ Wall ပေါ်မှာ ပေါက်တတ်ကရတွေတင် Chat Box
တွေကနေ တွေ့သမျှလူတိုင်းဆီ ပေါက်ကရစကားတွေပြော ပေါက်ကရ
ပုံတွေပို့လုပ်တယ် နောက်ဆုံး ဝိုင်းပြီး Report လုပ်တာရယ်
Account ကို Recovery လုပ်တော့ Lock လှမ်းချလိုက်တာ
ရယ်ကြောင့် ခွေးသူခိုး လူယုတ်မာ ယုတ်မာနေတာကတော့ ရပ်သွားတယ်။


အဲ့ဒီမှာ တိုင်ပတ်တာက Hack လုပ်ခံရတဲ့ကောင်မလေး အစ်ကို
ဆိုတဲ့သူက သူ့ညီမ အကောင့်ကို Recovery လုပ်ပေးတာမဟုတ်ပဲ
အခိုးခံရတဲ့ Facebook အကောင့်ကို ဝင်တဲ့ Gmail နဲ့ Facebook
အကောင့်အသစ်တစ်ခု ဖွင့်ချပစ်လိုက်တယ် ကံဆိုးတာက Recovery
ပြန်လုပ်တဲ့အချိန် အကောင့် ၂ ခု ဖြစ်နေတဲ့အတွက်နည်းနည်း တိုင်ပတ်
သွားတယ် ကံကောင်းတာက အကောင့် Hack ခံလိုက်ရပေမယ့်
Gmail ကပါမသွားတာပဲ အဲ့လို Gmail မပါသွားတဲ့အတွက် ထင်တာ
ကတော့ Phishing မိတယ်လို့ပဲယူဆမိတယ်။


ဒါနဲ့အသစ်ဖွင့်မိသွားတဲ့ အကောင့်အသစ်ကို အခြားဖုန်းနံပါတ်တစ်ခုနဲ့
ထည့်သုံးခိုင်းပြီး Gmail ကို အမြန် ပြန်ဖျက်ခိုင်းလိုက်တယ် ပြီးတော့
ID Card နဲ့ ဖြစ်စဉ်အကြောင်းအရာကို စာအမြန်ရိုက် ပို့ခိုင်းပြီး
Facebook Security Team ဆီကို လှမ်းပို့ပေးလိုက်တယ် ၄ ရက်နေ့
ရုံးပိတ်ပေမယ့် လပ်တော့က ရုံးမှာထားခဲ့တာဆိုတော့ ရုံးကိုသွားပြီး
လုပ်လို့ရသမျှ လုပ်ပေးထားလိုက်တယ် 4, 5, ဘာမှ မထူးလာဘူး
6 ရက်နေ့ ညနေ ၃ နာရီခွဲ ၄ နာရီလောက်မှာတော့ ဖေ့ဘွတ်က
Unlock Account ဆိုပြီး မေးလ်ပို့လာတယ် တစ်နေကုန် အလုပ်ရှုပ်
နေတာနဲ့ မဖတ်မိဘူး ၇ ရက်နေ့မနက် ၂ နာရီကျော်မှ တွေ့တာနဲ့
မေးလ်တွေချိန်း Security တွေ မြှင့်လို့ရသလောက် အကုန်မြှင့်ပေးပြီး
ကာယခံရှင် ကောင်မလေးဆီကို ပြန်လွှဲပေးလိုက်တော့တယ်။


ဒီနေရာမှာ Account Hack ခံရတာကို Recovery လုပ်ပေးပြီး
Security တွေ မြှင့်ပေးတာတွေကို အခကြေးငွေနဲ့ ဝန်ဆောင်မှုပေး
နေပေမယ့် အရင်တုန်းက ပရဟိတ စိတ်ဝင်လာပြီး ရေနစ်သူကို
ဝါးကူထိုးတဲ့အကွက်မျိုး ဖြစ်နေမှာစိုးတာနဲ့ ညီမကို အခမဲ့ ကူညီ
ပေးလိုက်ပါတယ် ဒါပေမယ့် ညီမအကောင့်ကနေ တင်ထားတဲ့
Status လေးရယ် ညီမ သူငယ်ချင်းတွေ တင်ထားတာလေးတွေ
ရယ်ကိုတော့ SS ရိုက်ယူပြီး ပို့စ်တင်ချင်တယ် ခွင့်ပြုပေးပါဆိုတော့
ကြည်ကြည်ဖြူဖြူနဲ့ခွင့်ပြုပေးတယ် ဒါကြောင့် အဲ့ဒီ SS လေးတွေနဲ့
အကြောင်းအရာလေးတွေကို အားလုံး ဗဟုသုတရစေရန်
Security ကို အလေးထားစေရန်အတွက်ရည်ရွယ်ပြီး ရေးသား
မျှဝေပေးလိုက်ပါတယ်ဗျာ။


ကိုယ်မဖြစ်သေးတော့ ဘာမှမဖြစ်ပါဘူးလေဆိုပြီး Security ကို
အလေးမထားခဲ့ရင် ခုလို အဖြစ်မျိုးတွေ တစ်ကွေ့မဟုတ် တစ်ကွေ့တော့
ကြုံလာဆုံလာကြမှာ မလွဲမသွေပါပဲ ဒါကြောင့် အသိလေးတွေ
သတိလေးတွေကပ်ပြီး Security ကို အလေးထားကြပါလို့
နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။

အားလုံးပဲ အသိပညာ ဗဟုသုတတွေ တိုးပွားကြပါစေ.....

Aung Kyaw Soe ( 7.1.2017 - 8:36 AM )

#AKS #AKS_Sharing
#FacebookBoostServices #WebsiteServices #DomainNameServices #SecurityServices #FacebookAccountSecurity #FacebookSecurity #OnlineServices #Facebookboost #Facebook #Domain #DomainName #SocialAccountSecurity #Security #SocialAccount #Social #Myanmar #Online #FacebookPage #Blogger #BloggerWebsite #OSC #OSCMyanmar #OSC_Myanmar #OnlineServicesCenter #OnlineServicesCenterMyanamr #Online_Services_Center